လက်ရှိမှာ ဂျပန်နိုင်ငံအနေနဲ့ကြုံတွေ့နေရတဲ့ ပြသနာများ
ဂျပန်နိုင်ငံတွင် သက်ကြီးရွယ်အိုအရေအတွက်သည် အရှိန်အဟုန်ဖြင့် တိုးပွားလာနေပြီး၊ ဘိုးဘွားစောင့်ရှောက်ရေး (Kaigo) ကဏ္ဍတွင် လုပ်သားရှားပါးမှုသည် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်လာနေသည်။
ထို့အပြင် ဘိုးဘွားစောင့်ရှောက်ရေးနှင့် လူမှုဝန်ထမ်းလုပ်ငန်းအပေါ် ထားရှိသည့် အမြင်များတွင် ၉၀ ရာခိုင်နှုန်းနီးပါးက “စိတ်ကျေနပ်မှုရရှိသည့် အလုပ်” ဟု ယူဆကြသော်လည်း၊ တစ်ဖက်တွင်လည်း ၉၀ ရာခိုင်နှုန်းကျော်က “စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး” ကြီးမားသည်ဟု ခံစားနေရသည်မှာ လက်ရှိပကတိ အခြေအနေပင်ဖြစ်သည်။
သူနာပြုဝန်ထမ်းလိုအပ်ချက်များပိုမိုမြင့်မားလာခြင်းနှင့် နိုင်ငံ့နယ်နမိတ်ကိုကျော်လွန်၍ချဲ့ထွင်လာသောလူစွမ်းအားအရင်းအမြစ်
ဤအခြေအနေကို တုံ့ပြန်ရန်အတွက် နိုင်ငံခြားမှ နည်းပညာအလုပ်သင်လုပ်သားများ နှင့် သတ်မှတ်ထားသော ကျွမ်းကျင် လုပ်သားများ ကို လက်ခံသည့်လုပ်ငန်းများမှာ တဖြည်းဖြည်း တိုးချဲ့လာလျက်ရှိပါသည်။
အထူးသဖြင့် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မြန်မာ စသည့် အာရှနိုင်ငံများသည် အရေးပါသော လူအင်အားပံ့ပိုးနိုင်ငံများအဖြစ် အာရုံစိုက်ခံနေရပါသည်။
“အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မြန်မာ — အာရှရဲ့အနာဂတ်ကို အတူတူပုံဖော်မယ့် ဘိုးဘွားစောင့်ရှောက်ရေးလုပ်သားများ”
အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၄၅ ခုနှစ်၌ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်သည် သက်ကြီးရွယ်အိုများ ဖြစ်လာမည်ဖြစ်ရာ မိမိနိုင်ငံ အတွင်း၌ပင် ဘိုးဘွားစောင့်ရှောက်ရေးလုပ်သားများ မွေးထုတ်ပေးရန် အရေးတကြီး လိုအပ်လျက်ရှိပါသည်။ ဗီယက်နမ်နိုင်ငံတွင်လည်း လူဦးရေ အိုမင်းရင့်ရော်မှု ဖြစ်စဉ်များ စတင်နေပြီး ဘိုးဘွားစောင့်ရှောက်ရေးဆိုင်ရာ အထူးပြုပညာပေး အဖွဲ့အစည်းများ လိုအပ်ချက်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်နေသောကြောင့် ဂျပန်နိုင်ငံတွင် ရရှိခဲ့သော အတွေ့အကြုံများသည် များစွာ တန်ဖိုးရှိလာမည် ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် လူငယ်လူရွယ် အများအပြားရှိသော နိုင်ငံဖြစ်သည့်အလျောက် ဘိုးဘွားစောင့်ရှောက်ရေး ကဏ္ဍတွင် အလားအလာ အကောင်းဆုံးနှင့် စိတ်ဝင်စားဖွယ်အကောင်းဆုံး ဒေသတစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရပါသည်။
ကျွန်တော်တို့သည် လေ့လာသင်ယူရင်း အဆင်ပြေချောမွေ့စွာ အလုပ်လုပ်ကိုင်နိုင်စေဖို့ရန် ရည်မှန်းဆောင်ရွက်နေပါသည်။
လုပ်သားအင်အားတခုတည်းကိုသာ လက်ခံခြင်းမျိုးမဟုတ်ဘဲ၊ သင်တန်းသားတစ်ဦးချင်းစီက စိတ်အေးချမ်းသာစွာဖြင့် လေ့လာသင်ယူရင်း ကြီးထွားဖွံ့ဖြိုးလာနိုင်မည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန်မှာ နောင်အနာဂတ် ဂျပန်နိုင်ငံအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့သည် ဂျပန်နိုင်ငံသို့ လုပ်သားအင်အားစေလွှတ်သည့်နိုင်ငံများနှင့်အတူ အနာဂတ်၏ ဘိုးဘွားစောင့်ရှောက်ရေးကဏ္ဍကို တာဝန်ယူပုခုံးထမ်းကြမည့် လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင် ပေး မည့်အဖွဲ့အစည်း ဖြစ်လိုပါသည်။










