လက်ရှိမှာ ဂျပန်နိုင်ငံအနေနဲ့ကြုံတွေ့နေရတဲ့ ပြသနာများ

ဂျပန်နိုင်ငံတွင် သက်ကြီးရွယ်အိုအရေအတွက်သည် အရှိန်အဟုန်ဖြင့် တိုးပွားလာနေပြီး၊ ဘိုးဘွားစောင့်ရှောက်ရေး (Kaigo) ကဏ္ဍတွင် လုပ်သားရှားပါးမှုသည် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်လာနေသည်။
ထို့အပြင် ဘိုးဘွားစောင့်ရှောက်ရေးနှင့် လူမှုဝန်ထမ်းလုပ်ငန်းအပေါ် ထားရှိသည့် အမြင်များတွင် ၉၀ ရာခိုင်နှုန်းနီးပါးက “စိတ်ကျေနပ်မှုရရှိသည့် အလုပ်” ဟု ယူဆကြသော်လည်း၊ တစ်ဖက်တွင်လည်း ၉၀ ရာခိုင်နှုန်းကျော်က “စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး” ကြီးမားသည်ဟု ခံစားနေရသည်မှာ လက်ရှိပကတိ အခြေအနေပင်ဖြစ်သည်။

သူနာပြုဝန်ထမ်းလိုအပ်ချက်များပိုမိုမြင့်မားလာခြင်းနှင့် နိုင်ငံ့နယ်နမိတ်ကိုကျော်လွန်၍ချဲ့ထွင်လာသောလူစွမ်းအားအရင်းအမြစ်

ဤအခြေအနေကို တုံ့ပြန်ရန်အတွက် နိုင်ငံခြားမှ နည်းပညာအလုပ်သင်လုပ်သားများ နှင့် သတ်မှတ်ထားသော ကျွမ်းကျင် လုပ်သားများ ကို လက်ခံသည့်လုပ်ငန်းများမှာ တဖြည်းဖြည်း တိုးချဲ့လာလျက်ရှိပါသည်။
အထူးသဖြင့် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မြန်မာ စသည့် အာရှနိုင်ငံများသည် အရေးပါသော လူအင်အားပံ့ပိုးနိုင်ငံများအဖြစ် အာရုံစိုက်ခံနေရပါသည်။

“အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မြန်မာ — အာရှရဲ့အနာဂတ်ကို အတူတူပုံဖော်မယ့် ဘိုးဘွားစောင့်ရှောက်ရေးလုပ်သားများ”

အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၄၅ ခုနှစ်၌ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်သည် သက်ကြီးရွယ်အိုများ ဖြစ်လာမည်ဖြစ်ရာ မိမိနိုင်ငံ အတွင်း၌ပင် ဘိုးဘွားစောင့်ရှောက်ရေးလုပ်သားများ မွေးထုတ်ပေးရန် အရေးတကြီး လိုအပ်လျက်ရှိပါသည်။ ဗီယက်နမ်နိုင်ငံတွင်လည်း လူဦးရေ အိုမင်းရင့်ရော်မှု ဖြစ်စဉ်များ စတင်နေပြီး ဘိုးဘွားစောင့်ရှောက်ရေးဆိုင်ရာ အထူးပြုပညာပေး အဖွဲ့အစည်းများ လိုအပ်ချက်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်နေသောကြောင့် ဂျပန်နိုင်ငံတွင် ရရှိခဲ့သော အတွေ့အကြုံများသည် များစွာ တန်ဖိုးရှိလာမည် ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် လူငယ်လူရွယ် အများအပြားရှိသော နိုင်ငံဖြစ်သည့်အလျောက် ဘိုးဘွားစောင့်ရှောက်ရေး ကဏ္ဍတွင် အလားအလာ အကောင်းဆုံးနှင့် စိတ်ဝင်စားဖွယ်အကောင်းဆုံး ဒေသတစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရပါသည်။

ကျွန်တော်တို့သည် လေ့လာသင်ယူရင်း အဆင်ပြေချောမွေ့စွာ အလုပ်လုပ်ကိုင်နိုင်စေဖို့ရန် ရည်မှန်းဆောင်ရွက်နေပါသည်။

လုပ်သားအင်အားတခုတည်းကိုသာ လက်ခံခြင်းမျိုးမဟုတ်ဘဲ၊ သင်တန်းသားတစ်ဦးချင်းစီက စိတ်အေးချမ်းသာစွာဖြင့် လေ့လာသင်ယူရင်း ကြီးထွားဖွံ့ဖြိုးလာနိုင်မည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန်မှာ နောင်အနာဂတ် ဂျပန်နိုင်ငံအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့သည် ဂျပန်နိုင်ငံသို့ လုပ်သားအင်အားစေလွှတ်သည့်နိုင်ငံများနှင့်အတူ အနာဂတ်၏ ဘိုးဘွားစောင့်ရှောက်ရေးကဏ္ဍကို တာဝန်ယူပုခုံးထမ်းကြမည့် လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင် ပေး မည့်အဖွဲ့အစည်း ဖြစ်လိုပါသည်။

စေလွှတ်သည့်နိုင်ငံအလိုက် နောက်ခံသမိုင်းကြောင်းနှင့် ပံ့ပိုးကူညီမှုစနစ် တည်ဆောက်ထားရှိမှု အခြေအနေများမှာ

ကွဲပြားခြားနားကြသော်လည်း၊ အားလုံးတွင် “ပြုစုပျိုးထောင်ပေးခြင်းဖြင့် စွမ်းဆောင်ရည်ထက်မြက်လာမည့် ဂရုစိုက်စောင့်ရှောက်ရေး (Nursing Care) လူသားအရင်းအမြစ်များ” အပေါ် မျှော်လင့်ချက်များ မြင့်တက်လျက်ရှိပါသည်။ ဤဒေသများသည် နောင်အနာဂတ် အပြည်ပြည်ဆိုင်ရာ လူသားအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည့် ဒေသများဖြစ်ကြပါသည်။

အင်ဒိုနီးရှားနိုင်ငံ

စနစ်များ ပြည့်စုံလာသည့် ယခုအချိန်တွင် ဘိုးဘွားစောင့်ရှောက်ရေး လူသားအရင်းအမြစ် ပျိုးထောင်မှုများ အရှိန်အဟုန်ဖြင့် စတင်လာခြင်း

အင်ဒိုနီးရှားနိုင်ငံတွင် ဘိုးဘွားစောင့်ရှောက်ရေးအလုပ်အကိုင်ကို ဆေးဘက်ဆိုင်ရာ အလုပ်အကိုင်၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ထားသောကြောင့် သီးခြားအလုပ်အကိုင် တစ်ခုအနေဖြင့် စနစ်တကျ ပြင်ဆင်ဆောင်ရွက်မှုမှာ တိုးတက်ဆဲ အဆင့်တွင်သာ ရှိပါသေးသည်။ သို့သော် သက်ကြီးရွယ်အိုအရေအတွက် အလျင်အမြန် တိုးတက်လာခြင်းနှင့်အတူဘိုးဘွား စောင့်ရှောက်ရေးလိုအပ်ချက်များသည် နိုင်ငံအတွင်းသာမက နိုင်ငံတကာအဆင့်တွင်ပါ မြင့်တက်လာနေပြီး ယခုအခါနိုင်ငံ တစ်နိုင်ငံလုံးအဆင့်ဖြင့် လူသားအင်အား ပြုစုပျိုးထောင်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လာပြီဖြစ်ပါသည်။
၂၀၂၅ခုနှစ်တွင် JICAနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ဘိုးဘွားစောင့်ရှောက်ရေးလူစွမ်းအား အရင်း အမြစ်မြှင့်တင်ရေး ပရောဂျက်ကို စတင်အကောင်အထည်ဖော်ခဲ့ပါသည်။
ထို့အပြင် ဂျပန်ကုမ္ပဏီများနှင့် လူသားအင်အားဆိုင်ရာ သဘောတူညီချက်များလည်း တိုးတက်လာနေပြီးအင်ဒိုနီးရှားနိုင်ငံသည် ယခုအချိန်တွင်အလွန်မျှော်လင့်ထားရသော ဘိုးဘွားစောင့်ရှောက်ရေးလူစွမ်းအားအရင်းအမြစ် ပံ့ပိုးပေးနိုင်သည့် နိုင်ငံများ အနက် တစ်နိုင်ငံအဖြစ် ရပ်တည်လာပါပြီ။

ဗီယက်နမ်နိုင်ငံ

ပညာရေးထောက်ပံ့မှုများ တိုးချဲ့လာပြီး
အလုပ်သင်လုပ်လိုသူ များပြားသော နိုင်ငံ

ဗီယက်နမ်နိုင်ငံတွင် ဘိုးဘွားစောင့်ရှောက်မှုနယ်ပယ်အတွက် အသက်ကြီးရွယ်အိုတိုးပွားလာမှုကို ကိုင်တွယ်ဖြေရှင်းရန် လုပ်ငန်းစဉ်များ တိုးတက်လာနေသည့်အခြေအနေအောက်တွင် ဂျပန်နိုင်ငံ၏ စနစ်များကို ထည့်သွင်းအသုံးချသော ဘိုးဘွား စောင့်‌ရှောက်ပညာရေး ထောက်ပံ့မှုများသည် ပိုမိုကျယ်ပြန့်လာနေပါသည်။
ဂျပန်ဘာသာစကားနှင့် ဘိုးဘွားစောင့်‌ရှောက်ကျွမ်းကျင်မှုဆိုင်ရာ သင်ကြားရေးပစ္စည်းများ ပံ့ပိုးပေးခြင်းအားဖြင့် အနာဂတ်တွင် အလုပ်သင်သင်တန်းသားအဖြစ် လာရောက်မည့် လူငယ်များသည် ပိုမိုလက်တွေ့ကျသော ပြင်ဆင်မှုများဖြင့် ဂျပန်သို့ လာရောက်နိုင်မည့် စနစ်ကို အားကောင်းအောင် တည်ဆောက်ထားပါသည်။
လက်တွေ့တွင် လူငယ်များအများအပြားက 「ဂျပန်တွင် အလုပ်လုပ်လိုပါသည်」ဟု ဆန္ဒပြုနေကြပြီး လုပ်ကိုင်လိုစိတ် မြင့်မားသော လူသားအင်အားများ အများအပြား စောင့်ဆိုင်းနေသည့် အခြေအနေဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံ

ပညာရေးထောက်ပံ့မှုများ တိုးချဲ့လာပြီး
အလုပ်သင်လုပ်လိုသူ များပြားသော နိုင်ငံ

ဗီယက်နမ်နိုင်ငံတွင် ဘိုးဘွားစောင့်ရှောက်မှုနယ်ပယ်အတွက် အသက်ကြီးရွယ်အိုတိုးပွားလာမှုကို ကိုင်တွယ်ဖြေရှင်းရန် လုပ်ငန်းစဉ်များ တိုးတက်လာနေသည့်အခြေအနေအောက်တွင် ဂျပန်နိုင်ငံ၏ စနစ်များကို ထည့်သွင်းအသုံးချသော ဘိုးဘွား စောင့်‌ရှောက်ပညာရေး ထောက်ပံ့မှုများသည် ပိုမိုကျယ်ပြန့်လာနေပါသည်။
ဂျပန်ဘာသာစကားနှင့် ဘိုးဘွားစောင့်‌ရှောက်ကျွမ်းကျင်မှုဆိုင်ရာ သင်ကြားရေးပစ္စည်းများ ပံ့ပိုးပေးခြင်းအားဖြင့် အနာဂတ်တွင် အလုပ်သင်သင်တန်းသားအဖြစ် လာရောက်မည့် လူငယ်များသည် ပိုမိုလက်တွေ့ကျသော ပြင်ဆင်မှုများဖြင့် ဂျပန်သို့ လာရောက်နိုင်မည့် စနစ်ကို အားကောင်းအောင် တည်ဆောက်ထားပါသည်။
လက်တွေ့တွင် လူငယ်များအများအပြားက 「ဂျပန်တွင် အလုပ်လုပ်လိုပါသည်」ဟု ဆန္ဒပြုနေကြပြီး လုပ်ကိုင်လိုစိတ် မြင့်မားသော လူသားအင်အားများ အများအပြား စောင့်ဆိုင်းနေသည့် အခြေအနေဖြစ်ပါသည်

မြန်မာနိုင်ငံ

ခိုင်မာသော ပံ့ပိုးမှုဖြင့်၊ ရိုးသားကြိုးစားသည့် လက်တွေ့အလုပ်သင်များ စေလွှတ်ရာနိုင်ငံဆီသို့

မြန်မာနိုင်ငံသည် ဘိုးဘွားစောင့်ရှောက်ရေးကဏ္ဍတွင် ယုံကြည်စိတ်ချရသော အလုပ်သင်များ ပံ့ပိုးပေးနိုင်သည့် အဓိက နိုင်ငံတစ်ခု ဖြစ်ပါသည်။မြန်မာတို့၏ စိတ်ရင်းကောင်းမွန်မှုနှင့် ရိုသေကိုင်းရှိုင်းမှုတို့မှာ ဂျပန်နိုင်ငံတွင် များစွာဂုဏ်သတင်း ကျော်ကြားပါသည်။
နောင်အနာဂတ်တွင် စေလွှတ်သည့်အဖွဲ့အစည်းနှင့် လက်ခံသည့်အဖွဲ့အစည်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေရန် လိုအပ်လျက်ရှိပြီး၊ ခိုင်မာသော ပံ့ပိုးကူညီမှုစနစ် ရှိ၊ မရှိ ဆိုသည်မှာ အောင်မြင်မှုအတွက် အဓိကသော့ချက် ဖြစ်လာမည် ဖြစ်ပါသည်။

အခြားနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ ဆောင်ရွက်နေပါသည်။

အဖွဲ့အစည်း၏ဝန်ဆောင်မှုလုပ်ငန်းများကို အသုံးပြုရန် အသင်းဝင်ဖြစ်ရန် လိုအပ်ပါသည်။