ဘာကြောင့် နိုင်ငံခြားသားအလုပ်သင်သင်တန်းသားများကို လိုအပ်လာသလဲ။
သက်ကြီးရွယ်အိုအရေအတွက် များပြားလာသောဂျပန်နိုင်ငံတွင် ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်းတွင် ဝန်ထမ်းခန့်အပ်မှုနှင့် ဝန်ထမ်း ထိန်းသိမ်းရေးသည် ဦးစားပေးဖြစ်လာသည်။
ဘိုးဘွားစောင့်ရှောက်ရေး လုပ်ငန်းလုပ်ကိုင်နေသည့် နေရာများတွင် လူအင်အားမလုံလောက်မှု ပြင်းထန်လာနေသလိုအလုပ် ထွက်နှုန်းမြင့်မားခြင်း၊ လူသစ်ခန့်အပ်ရခက်ခဲခြင်းကဲ့သို့သော ဖွဲ့စည်းပုံဆိုင်ရာပြဿနာများလည်း ထင်ရှားလာနေပါသည်။
ဤအခြေအနေတွင် နိုင်ငံခြားသားအလုပ်သင်သင်တန်းသားများကို လက်ခံခြင်းသည် လုပ်ငန်းခွင်အတွက် ခွန်အားသစ်များ ရရှိနိုင်မည်ဟု မျှော်လင့်ရပါသည်။
နိုင်ငံခြားသားအလုပ်သင်သင်တန်းသားများကို လိုအပ်နေရခြင်းရဲ့ အကြောင်းရင်း ၃ချက်ကို ဖော်ပြသွားပါမည်။
ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်းကဏ္ဍတွင် လူအင်အားမလုံလောက်မှု ပြင်းထန်လာခြင်း
ဂျပန်နိုင်ငံတွင် သက်ကြီးရွယ်အိုအရေအတွက် တိုးမြှင့်လာခြင်းနှင့်အတူ၊ သူနာပြုစောင့်ရှောက်မှုဝန်ဆောင်မှုများအပေါ် လိုအပ်ချက်မှာ နှစ်စဉ်နှစ်တိုင်း တိုးလာနေပါသည်။ သို့သော်လည်း လက်တွေ့တွင် လူအင်အား မလုံလောက်သဖြင့် ဘိုးဘွား စောင့်ရှောက်ရေးစင်တာအများအပြားတွင် ဝန်ထမ်းရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။
အရည်အသွေးမြင့်ပြီး လုံလောက်သော သူနာပြုစောင့်ရှောက်မှုကို ပေးနိုင်ရန်အတွက် တည်ငြိမ်သော လူ့စွမ်းအားအရင်းအမြစ် ရရှိနိုင်ရေးမှာ အရေးပေါ်လုပ်ဆောင်ရမည့် ကိစ္စဖြစ်ပါသည်။
အလုပ်ထွက်နှုန်း မြင့်မားလာခြင်းနှင့် သူနာပြုဝန်ထမ်းငှားရမ်းမှုခက်ခဲလာခြင်း
ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်းတွင် ပင်ပန်းခက်ခဲသော အလုပ်ပတ်ဝန်းကျင်နှင့် ခံစားခွင့်ပိုင်းဆိုင်ရာ အခက်အခဲများကြောင့် အလုပ်ထွက်နှုန်းမှာ မြင့်မားနေဆဲဖြစ်ပါသည်။ ဝန်ထမ်းသစ်များ ရှာဖွေစုဆောင်းရန်လည်း မလွယ်ကူဘဲ ဝန်ထမ်းရှားပါးမှု ပြဿနာများနှင့် ဆက်လက်ရင်ဆိုင်နေရပါသည်။ ထိုသို့သော အကြောင်းအရင်းများကြောင့် ရေရှည်တည်တံ့သော လူသား အရင်းအမြစ် ရှာဖွေစုဆောင်းရေး ယန္တရားတစ်ခုကို တည်ဆောက်ရန် လိုအပ်လျက်ရှိပါသည်။
နိုင်ငံခြားဝန်ထမ်းခန့်အပ်ခြင်းသည် နောင်အနာဂတ်အတွက်သော့ချက်ဖြစ်လာခြင်း
ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်းခွင်ကို အထောက်အကူပြုရန် ရွေးချယ်စရာအနေဖြင့် နိုင်ငံခြားသား အလုပ်သင် သင်တန်းသားများ (TITP) နှင့် သတ်မှတ်ကျွမ်းကျင်လုပ်သား (Specified Skilled Worker – SSW) များကို လက်ခံရန် အထူးအာရုံစိုက်လာကြပါသည်။ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ အတားအဆီးများကို ကျော်လွှားနိုင်မည့် ပံ့ပိုးကူညီမှုစနစ်များကို ကောင်းမွန်စွာ ပြင်ဆင်ထားနိုင်ပါက နိုင်ငံခြားသားဝန်ထမ်းများသည် ဂျပန်နိုင်ငံ၏ ဘိုးဘွား စောင့်ရှောက်ရေးလုပ်ငန်းခွင်တွင် အရေးပါသော အင်အားစုများ ဖြစ်လာမည် ဖြစ်ပါသည်။
သူနာပြုလုပ်ငန်းနယ်ပယ်ကို အထူးပြုထားပြီး အောင်မြင်မှုများရရှိထားသော လူသားအရင်းအမြစ်ပံ့ပိုးမှုစနစ်
FEATURES
သူနာပြုလုပ်ငန်းနယ်ပယ်ကို အထူးပြုထားပြီး အောင်မြင်မှုများရရှိထားသော လူသားအရင်းအမြစ်ပံ့ပိုးမှုစနစ်
သည် ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနမှ ခွင့်ပြုချက်ရရှိထားသော ကြီးကြပ်ကွပ်ကဲမှုအဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဘိုးဘွားစောင့်ရှောက်ရေးကဏ္ဍတွင် အထူးပြုထားသည့် အတွေ့အကြုံကောင်းများစွာရှိပြီး၊ ခိုင်မာစိတ်ချရသော ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဝန်ထမ်းများကို အမြဲမပြတ် မိတ်ဆက်ပေးနေပါသည်။
ထို့အပြင် လုပ်ငန်းခွင်အခြေအနေကို ကျွမ်းကျင်နားလည်သော ဝန်ထမ်းများကို အလုပ်ခန့်အပ်ခြင်းမှသည် အလုပ်တွင် အသားကျစေခြင်းအထိ သေချာစွာ ပံ့ပိုးကူညီပေးပါသည်။ အင်ဒိုနီးရှားအပါအဝင် ပြည်ပစေလွှတ်ရေးအေဂျင်စီများနှင့်လည်း တိုက်ရိုက်စာချုပ်ချုပ်ဆိုထားသောကြောင့် မြန်ဆန်ပြီးပွင့်လင်းမြင်သာမှုရှိသော လုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်ပေးနိုင်ပါ သည်။
ဘိုးဘွားစောင့်ရှောက်ရေး လုပ်ငန်းခွင်အခြေအနေကို အသေအချာ နားလည်သဘောပေါက်သည့် ကျွမ်းကျင်ဝန်ထမ်းများက ဝန်ထမ်းသစ်ခန့်အပ်ခြင်းမှသည် ခန့်အပ်ပြီးနောက်ပိုင်း လိုအပ်သော စောင့်ရှောက်မှုများအထိ သေချာစွာ တာဝန်ယူ ဆောင်ရွက် ပေးပါသည်။ လုပ်ငန်းခွင်အတွင်း ကြုံတွေ့ရနိုင်သည့် အခက်အခဲများနှင့် ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားခြားနားမှုများကိုလည်း ထည့်သွင်းစဉ်းစားပေးပြီး၊ အဆင်ပြေချောမွေ့သော ဆက်သွယ်ပြောဆိုမှုနှင့် ရေရှည် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် ပံ့ပိုး ကူညီမှုများကို ဖော်ဆောင်ပေးပါသည်။

ပြည်ပရှိ ယုံကြည်စိတ်ချရသော စေလွှတ်ရေးအေဂျင်စီများနှင့် တိုက်ရိုက်ချိတ်ဆက်ထားသောကြောင့် အလုပ်ခန့်အပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များမှာ မြန်ဆန်ချောမွေ့ပါသည်။ စာရွက်စာတမ်းကိစ္စရပ်များနှင့် လူတွေ့စစ်ဆေးခြင်း အစီအစဉ်များကိုလည်း ကျွန်ုပ်တို့ဘက်မှ ကိုယ်စားလှယ်အဖြစ် တာဝန်ယူဆောင်ရွက်ပေးပြီး၊ အရည်အချင်းပြည့်ဝသော ဝန်ထမ်းများကို အမြဲမပြတ် မိတ်ဆက်ပေးနေပါသည်။

ကျွန်ုပ်တို့ ပံ့ပိုးပေးမည့် ဝန်ဆောင်မှုများ
SUPPORT
အလုပ်မဝင်ခင်မှသည်အလုပ်ပြီးဆုံးသည့်အထိအလုပ်အကိုင်နှင့်ပတ်သက်သော လုပ်ငန်းစဉ်တစ်ခုလုံးကို ပံ့ပိုးကူညီပေးခြင်း
နိုင်ငံခြားသား ဘိုးဘွားစောင့်ရှောက်ရေး ဝန်ထမ်းများ လက်ခံခြင်းနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်အားလုံးကို အစမှ အဆုံးထိ တာဝန်ယူဆောင်ရွက်ပေးပြီး၊ လုပ်ငန်းခွင်တွင် ရေရှည်အလုပ်လုပ်ကိုင်နိုင်ရန် ပံ့ပိုးကူညီပေးပါသည်။
အလုပ်မဝင်ခင် ပံ့ပိုးကူညီမှု
ဝန်ထမ်းရွေးချယ်မှုနှင့် လူတွေ့စစ်ဆေးခြင်းဆိုင်ရာ ပံ့ပိုးမှု၊ ဂျပန်ဘာသာစကားပညာရေး၊ ဗီဇာလျှောက်လွှာ
渡航時
လေယာဉ်လက်မှတ်စီစဉ်ပေးခြင်း ၊ဆေးစစ်ခြင်း၊ဘာသာပြန်ပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးလုပ်ထုံးလုပ်နည်းမျာ
အဆောင်စီစဉ်ပေးခြင်း၊
နေ့စဥ်ဘဝပံ့ပိုးကူညီမှု၊ ပြဿနာများကိုဖြေရှင်းပေးခြင်း၊ ဂျပန်ဘာသာစကားနှင့်သူနာပြု စောင့်ရှောက်မှု သင်တန်း
အလုပ်ခန့်အပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်

